Zawgyi Version

ေရႊမွုံရတီရဲ႕ မိခင္ ေဒၚေငြလိုရတီကေတာ့ ယေန႔မွာ မဂၤလာပြဲမတက္ေရာက္ႏိုင္ခဲ့တာနဲ႔ပတ္သက္ျပီး ေျပာျပလာပါတယ္။ သူမအေနနဲ႔ ေရႊမွုံရတီနဲ႔ ေရႊထူးကို အသက္ငယ္ေသးတဲ့အခ်က္တစ္ခုတည္းေၾကာင့္ သေဘာမတူတဲ့အတြက္ မဂၤလာပြဲကိုတက္ေရာက္ျခင္းမရွိဘူးလို႔ဆိုလာပါတယ္။ ေရႊမွုံရတီကို ေနာက္ထပ္ ၂ ႏွစ္ ၃ ႏွစ္ေလာက္ေစာင့္ျပီးမွ ယူေစခ်င္ခဲ့ေသာ္လည္း ေရႊမွုံရတီကေတာ့သူမသေဘာအတိုင္း မဂၤလာပြဲေတြကို စီစဥ္သြားတာျဖစ္တယ္လို႔ ေဒၚေငြလိုရတီကေတာ့ဆိုပါတယ္။

သားသမီးျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္ေလာက္ပင္ဆိုးပါေစ ပစ္လို႔ရရိုးထံုးစံမရွိတာေၾကာင့္ မိခင္တစ္ေယာက္အေနနဲ႔သူမေရွ႕ကေန မားမားမတ္မတ္ရပ္တည္ျပီး အလုပ္ေတြကုိ ျပန္လည္လုပ္သြားမယ့္အေၾကာင္း ေျပာလာပါတယ္။ ဒါ့အျပင္ ေရႊမွုံရတီကားရိုက္ပ်က္ကြက္ခဲ့တဲ့ ဒါရိုက္တာ ညႊန္႔ျမန္မာညီညီေအာင္ကိုလည္း ေရႊမွုံရတီရဲ႕ မိခင္ျဖစ္သူ ေဒၚေငြလိုရတီက သမီးလုပ္သြားတဲ့ကိစၥရပ္ေတြနဲ႔ပတ္သက္ျပီးေတာ့ ကန္ေတာ့ျပီးေတာင္းပန္သြားခဲ့ပါတယ္။ ေဒၚေငြလိုရတီကေတာ့ ” ဒါဟာ ပထမဆံုးနဲ႔ေနာက္ဆံုးအၾကိမ္ျဖစ္ျပီးေတာ့ က်မ မတ္တပ္ရပ္ေနတဲ့ကာလပတ္လံုး ဘယ္ေတာ့မွမျဖစ္ေစရပါဘူး ” လို႔ ေျပာၾကားလုိက္ပါတယ္။ သက္ဆိုင္တဲ့သူအားလံုးကိုေတာင္းပန္ျပီးေတာ့ ေရႊမွုံရတီကုိ ခြင့္လႊတ္ေပးၾကဖို႔ ေဒၚေငြလိုရတီက ေမတၱာရပ္ခံလိုက္တာျဖစ္ပါတယ္။

မဂၤလာပြဲစပြန္ဆာဂယက္နဲ႔ပတ္သက္ျပီး ေဒၚေငြလိုရတီက ေျဖရွင္းခဲ့ပါတယ္။ သူမအေနနဲ႔ ဒီလို အင္တာနက္ေတြမသံုးေပမယ့္သူမရဲ႕ သမီးအၾကီးမျဖစ္သူက ေျပာျပတဲ့အတြက္ေၾကာင့္ သိရွိခဲ့ရျပီး သမီးျဖစ္သူ ေရႊမွုံရတီမွားခဲ့တယ္လို႔ ဝန္ခံေျပာဆိုလုိက္ပါတယ္။ “သဲသဲမွားတယ္ ဒီကိစၥမွာ သဲသဲမွားပါတယ္ ကမ္းလွမ္းစဥ္တုန္းကလည္း သူပဲကမ္းလွမ္းခဲ့တယ္။ ေနာက္ပိုင္းျပသနာတစ္ခုေၾကာင့္ဒီကေလးေလးက ဒီကမ္းလွမ္းခ်က္ကိုျဖတ္လိုက္တယ္။ ဒါေတြကေတာ့ ရွင္းျပေနစရာမလိုပါဘူး။ သူတုိ႔ဟာသူတုိ႔ပဲသိၾကလိမ့္မယ္။ Bella ကေတာ့ ဘာမွမသိဘူး။ ေဘးမွာေျပာေနတဲ့သူေတြေၾကာင့္ ဒီကိစၥျပတ္သြားတယ္လို႔ေတာ့ က်မထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ဦးေႏွာက္ေသးေသးေလးနဲ႔ အလုပ္လုပ္ေနတာျဖစ္တဲ့အတြက္ေၾကာင့္ အရာရာအားလံုးသည္ က်မရဲ႕ဦးေႏွာက္ေအာက္မွာပဲ လုပ္ခဲ့တာျဖစ္တဲ့အတြက္ေၾကာင့္ က်မကေတာ့ ရိုးရုိးရွင္းရွင္းပဲေျပာတတ္တယ္။ အခု အေမမပါသြားေတာ့ မွားတယ္ မွန္တယ္ ဆိုတဲ့ဆံုးျဖတ္ခ်က္ကို သူ႔ကိုေဘးကေထာက္ျပေပးမယ့္သူမရွိဘူးျဖစ္ေနတဲ့အတြက္ ဒီကေလးသည္အမွားတစ္ခုကိုက်ဴးလြန္လိုက္တယ္။”

“ကြ်န္မတို႕နဲ႕အရမ္းခင္ပါတယ္ သဲကိုလည္းသူအရမ္းခ်စ္တယ္ တကယ္စိတ္ေကာင္းရွိတဲ႔သူေတာ္ေကာင္းေတြပါ သူတို႕ေတြကကူညီတတ္တယ္ ဘယ္အရာျဖစ္ျဖစ္ကူညီတတ္တဲ႕လူ ဒါကိုလည္းသိလို႕သဲကကမ္းလွမ္းလိုက္တာျဖစ္လိမ္႔မယ္ ကြ်န္မထင္တာ ဒါေပမဲ႔သူကလုပ္ေပးရွာတယ္ေနာက္ကြယ္မွာျဖစ္တဲ႔ျပသနာကို သူ႕နားထဲကုိေရာက္လာတဲ႕အခါမွာသူအဲ႔ကိစၥကို ပယ္လုိက္တာလို႕ထင္တယ္ ကြ်န္မကေတာ႔ ဒါေပမဲ႕ကြ်န္မသူ႕ကိုလဲမေမးပါဘူး ကြ်န္မသိရတာေပါ႔ေနာ္ ကြ်န္မၾကားေနရတယ္ ဘာေတြျဖစ္ေနလဲဆိုတာကို ဆရာဂြ်န္လြင္ကလည္းသူ႔ကို သူအကူညီေတာင္းတယ္ ဆရာဂြ်န္လြင္ကလည္းလုပ္ေပးတယ္ Bella ကလည္းလုပ္ေပးတယ္ ဒါေပမဲ႔ေနာက္ပိုင္းျဖစ္တဲ႔ျပသနာေလးေတြေၾကာင္႔မို႕ သူ႕စိတ္ထဲမွာတစ္မ်ိဳးျဖစ္သြားလို႕သူ႕ဘာသာသူစီစဥ္လိုက္တယ္။အဲ႔အတြက္သူ႔မွာအမွားျဖစ္တယ္ သူ အင္တာဗ်ဴးတစ္ခုမွာေျဖထားတာလည္းရွိတယ္လို႕ေျပာတယ္ အဲ႔ဟာလည္းသူမွားတယ္”

“အဲ႔တာကေတာ႔ အင္တာဗ်ဴးၾကည္႔ျပီးတဲ႔သူေတြကေတာ႔သိမွာပဲ ကြ်န္မကေတာ႔မသိဘူး ဒါေပမဲ႔ ကြ်န္မကို သမီးၾကီးကေျပာလို႔ ကြ်န္မသိတာ သူအဲ႔မွာလည္းမွားတယ္ ကြ်န္မကမွားရင္ ကြ်န္မရဲ႕စိတ္ကကိုယ္မွားရင္မွားတာကို၀န္ခံတတ္တဲ႔စိတ္ကြ်န္မမွာ ရွိတယ္ ကြ်န္မသားသမီးေတြကိုလည္းအဲ႔အတုိင္းပဲသင္ထားတယ္ မွားရင္မွားတယ္ဆိုတာကိုလက္ခံေပးရမယ္၀န္ခံေပးရမယ္ အဲ႔တာမွကိုယ္႔စိတ္လံုမယ္ လို႕ကြ်န္မေျပာထားတယ္ အဲ႔ေတာ႔ အခုလည္းသဲကသူ႕အလုပ္နဲ႔သူ ရွုပ္ေနတဲ႔အတြက္မို႕လို႕ ဒီကိစၥကို Bella ကညီမေလးကို မေတာင္းပန္ေသးတာျဖစ္ပါလိမ္႔မယ္။သူေတာင္းပန္ပါလိမ္႔မယ္။ ဒါေပမဲ႔နားလည္မွဳေလးေတြလြဲေနတယ္လို႕ ကြ်န္မထင္တယ္ သူတို႔ ၂ ေယာက္ၾကားထဲမွာ တိုက္ရုိက္ေျပာရတာမဟုတ္ဖူးၾကားခံရွိေနတယ္ အဲ႔ၾကားခံေတြထဲမွာၾကားေနရတဲ႔စကားေတြေၾကာင္႕လြဲသြားတာလို႕ထင္တယ္ စပြန္ဆာ ဆိုတာက မင္းသမီးတုိင္းကိုေပးေနၾကတာပါ အကုန္လံုးက ဒါရွက္စရာအလုပ္မဟုတ္ပါဘူးပိုက္ဆံရွိတဲ႔လူေတြကေနဒီမင္းသမီးေတြ မင္းသားေတြကိုခ်စ္လို႔ ဒါစပြန္ဆာအကုန္ခံျပီးေပးေနၾကတာေလ မေကာင္းတဲ႕အေၾကာင္းထြက္မလာပဲနဲ႕သူ႕က်မွ ဆိုးတာေတြခ်ည္းဘာျဖစ္လို႔ လူေတြကလွိမ္႔ျပီးေျပာေနၾကလဲဆိုတာကြ်န္မစဥ္းစားလို႕မရဘူး နံပါတ္ ၁ ဆရာဂြ်န္လြင္ သမီးရဲ႕ဆရာထဲမွာသူပါပါတယ္ က်န္တ႔ဲဆရာေတြလည္းရွိပါတယ္။”

“အႏုပညာပ်ိဳးခင္းကဆရာေတြ ယေန႕တိုင္ထိ အင္တာဗ်ဴးကိုေျဖတိုင္းေျဖတိုင္းဆရာအားလံုးသည္ ဘယ္တပည္႔ဆုိးတယ္ ဘယ္တပည္႔ေကာင္းတယ္ ေတာ္တယ္ဆိုတာကိုသူတို႕အကုန္သိတယ္ ေကာင္းတဲ႔တပည္႔ကိုလည္း ေကာင္းတဲ႔အတုိင္းေလးေျဖသြားတယ္။ဆိုးတဲ႔တပည္႕ကိုလည္းဆိုးပါတယ္လို႕သူတို႔ေျဖမသြားဘူး အလိုက္သင္႔ေလးေကာင္းေအာင္သူတို႔ ေျဖသြားေပးတယ္။ကြ်န္မျဖစ္ခ်င္တာဆရာဆိုတာအဲ႔တာပဲ ဆရာဂြ်န္လြင္ကဘာျဖစ္လို႕သမီးကို သဲသဲကိုဘာကိုမေက်နပ္ေနတာလဲ ဒါမွမဟုတ္ကြ်န္မကိုလား ေျပာလိုက္တဲ႕စကားတိုင္းစကားတိုင္းမွာ အင္တာဗ်ဴးတိုင္းမွာ ေရႊမွဳန္ရတီကို ပါးစပ္ဖ်ားကသူမခ်ပဲနဲ႕ အေပၚကိုဆြဲတင္တာလား ေအာက္ကုိပစ္ခ်ေနတာလားဦးေႏွာက္ရွိတဲ႔လူေတြအကုန္ သိတယ္။ ဆရာေျပာတဲ႔စကားေတြမွားေနတယ္ တပည္႔တစ္ေယာက္ေကာင္းစားဖို႔ ဆရာတိုင္းမွာအနစ္နာခံတဲ႔စိတ္ရွိတယ္။”

“ဆရာကလည္းဆရာ႔တပည္႕ကို ေကာင္းစားဖို႔ဆိုရင္ ဆရာေကာင္းတာေတြခ်ည္းေျပာသင္႔တယ္ထင္တယ္။ မင္းသမီးတုိင္းက ဆံပင္တုတပ္တာမဆန္းဘူး ဆီလီကြန္ထုိးတာမဆန္းဘူး မင္းသမီးမုိ႔လို႕လုပ္တာေနာ္။ အျပင္မွာလုပ္တဲ႔သူေတြတစ္ပံုၾကီးရွိတယ္။ဒါကိုဆရာသိသိၾကီးနဲ႔ ဒါေတြကိုဒီလိုသြားခ်ျပေတာ႔ ဆရာ႕စကားက သူမ်ားရယ္စရာေတြျဖစ္တာေပါ႔ သူကမင္းသမီးေလ ဆရာရဲ႕ ဆရာမေက်နပ္တာေတြရွိခဲ႔ရင္ ဆရာ႔ဆီမွာကြ်န္မဖုန္းနံပါတ္ရွိတယ္ ကြ်န္မသမီးဖုန္းနံပါတ္ရွိတယ္။ကြ်န္မတို႕ကိုလူကိုယ္တုိင္ေခၚေတြ႔ပီးေတာ႔ ဆံုးမလို႕ရတယ္။တစ္စိတ္ရွိဆရာကလိုင္းေပၚမွာ ကြ်န္မသမီးမေကာင္းေၾကာင္းေတြခ်ည္းလွိမ္႕လွိမ္႕ေျပာေနတာေတာ႔ ဆရာမပီသဘူးလို႕ကြ်န္မထင္တယ္။ ဆရာကြ်န္မတို႕ရဲ႕စိတ္ကုိသိေလာက္ပါျပီ။ကြ်န္မဘယ္သူ႕ကိုမွမဟုတ္တာမေျပာဘူး မမွန္တာလည္းမလုပ္ဖူး။ဆရာကြ်န္မတို႕ကိုထိခိုက္တဲ႔စကားေတြ ေျပာတာေတြအရမ္းမ်ားေနျပီ။ဆရာ႔ပါးစပ္ထဲက ေရႊမွဳန္ရတီဆိုတာကိုျဖဳတ္ခ်လိုက္ပါ။” လို႔ အလင္းတန္းဂ်ာနယ္ရဲ႕ အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့တာျဖစ္ပါတယ္။

We Love Cele

 

Unicode Version

ရွှေမှုံရတီရဲ့ မိခင် ဒေါ်ငွေလိုရတီကတော့ ယနေ့မှာ မင်္ဂလာပွဲမတက်ရောက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။ သူမအနေနဲ့ ရွှေမှုံရတီနဲ့ ရွှေထူးကို အသက်ငယ်သေးတဲ့အချက်တစ်ခုတည်းကြောင့် သဘောမတူတဲ့အတွက် မင်္ဂလာပွဲကိုတက်ရောက်ခြင်းမရှိဘူးလို့ဆိုလာပါတယ်။ ရွှေမှုံရတီကို နောက်ထပ် ၂ နှစ် ၃ နှစ်လောက်စောင့်ပြီးမှ ယူစေချင်ခဲ့သော်လည်း ရွှေမှုံရတီကတော့သူမသဘောအတိုင်း မင်္ဂလာပွဲတွေကို စီစဉ်သွားတာဖြစ်တယ်လို့ ဒေါ်ငွေလိုရတီကတော့ဆိုပါတယ်။

သားသမီးဖြစ်တဲ့အတွက်ကြောင့် ဘယ်လောက်ပင်ဆိုးပါစေ ပစ်လို့ရရိုးထုံးစံမရှိတာကြောင့် မိခင်တစ်ယောက်အနေနဲ့သူမရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အလုပ်တွေကို ပြန်လည်လုပ်သွားမယ့်အကြောင်း ပြောလာပါတယ်။ ဒါ့အပြင် ရွှေမှုံရတီကားရိုက်ပျက်ကွက်ခဲ့တဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ကိုလည်း ရွှေမှုံရတီရဲ့ မိခင်ဖြစ်သူ ဒေါ်ငွေလိုရတီက သမီးလုပ်သွားတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ ကန်တော့ပြီးတောင်းပန်သွားခဲ့ပါတယ်။ ဒေါ်ငွေလိုရတီကတော့ ” ဒါဟာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပြီးတော့ ကျမ မတ်တပ်ရပ်နေတဲ့ကာလပတ်လုံး ဘယ်တော့မှမဖြစ်စေရပါဘူး ” လို့ ပြောကြားလိုက်ပါတယ်။ သက်ဆိုင်တဲ့သူအားလုံးကိုတောင်းပန်ပြီးတော့ ရွှေမှုံရတီကို ခွင့်လွှတ်ပေးကြဖို့ ဒေါ်ငွေလိုရတီက မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။

မင်္ဂလာပွဲစပွန်ဆာဂယက်နဲ့ပတ်သက်ပြီး ဒေါ်ငွေလိုရတီက ဖြေရှင်းခဲ့ပါတယ်။ သူမအနေနဲ့ ဒီလို အင်တာနက်တွေမသုံးပေမယ့်သူမရဲ့ သမီးအကြီးမဖြစ်သူက ပြောပြတဲ့အတွက်ကြောင့် သိရှိခဲ့ရပြီး သမီးဖြစ်သူ ရွှေမှုံရတီမှားခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ “သဲသဲမှားတယ် ဒီကိစ္စမှာ သဲသဲမှားပါတယ် ကမ်းလှမ်းစဉ်တုန်းကလည်း သူပဲကမ်းလှမ်းခဲ့တယ်။ နောက်ပိုင်းပြသနာတစ်ခုကြောင့်ဒီကလေးလေးက ဒီကမ်းလှမ်းချက်ကိုဖြတ်လိုက်တယ်။ ဒါတွေကတော့ ရှင်းပြနေစရာမလိုပါဘူး။ သူတို့ဟာသူတို့ပဲသိကြလိမ့်မယ်။ Bella ကတော့ ဘာမှမသိဘူး။ ဘေးမှာပြောနေတဲ့သူတွေကြောင့် ဒီကိစ္စပြတ်သွားတယ်လို့တော့ ကျမထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ဦးနှောက်သေးသေးလေးနဲ့ အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် အရာရာအားလုံးသည် ကျမရဲ့ဦးနှောက်အောက်မှာပဲ လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကျမကတော့ ရိုးရိုးရှင်းရှင်းပဲပြောတတ်တယ်။ အခု အမေမပါသွားတော့ မှားတယ် မှန်တယ် ဆိုတဲ့ဆုံးဖြတ်ချက်ကို သူ့ကိုဘေးကထောက်ပြပေးမယ့်သူမရှိဘူးဖြစ်နေတဲ့အတွက် ဒီကလေးသည်အမှားတစ်ခုကိုကျူးလွန်လိုက်တယ်။”

“ကျွန်မတို့နဲ့အရမ်းခင်ပါတယ် သဲကိုလည်းသူအရမ်းချစ်တယ် တကယ်စိတ်ကောင်းရှိတဲ့သူတော်ကောင်းတွေပါ သူတို့တွေကကူညီတတ်တယ် ဘယ်အရာဖြစ်ဖြစ်ကူညီတတ်တဲ့လူ ဒါကိုလည်းသိလို့သဲကကမ်းလှမ်းလိုက်တာဖြစ်လိမ့်မယ် ကျွန်မထင်တာ ဒါပေမဲ့သူကလုပ်ပေးရှာတယ်နောက်ကွယ်မှာဖြစ်တဲ့ပြသနာကို သူ့နားထဲကိုရောက်လာတဲ့အခါမှာသူအဲ့ကိစ္စကို ပယ်လိုက်တာလို့ထင်တယ် ကျွန်မကတော့ ဒါပေမဲ့ကျွန်မသူ့ကိုလဲမမေးပါဘူး ကျွန်မသိရတာပေါ့နော် ကျွန်မကြားနေရတယ် ဘာတွေဖြစ်နေလဲဆိုတာကို ဆရာဂျွန်လွင်ကလည်းသူ့ကို သူအကူညီတောင်းတယ် ဆရာဂျွန်လွင်ကလည်းလုပ်ပေးတယ် Bella ကလည်းလုပ်ပေးတယ် ဒါပေမဲ့နောက်ပိုင်းဖြစ်တဲ့ပြသနာလေးတွေကြောင့်မို့ သူ့စိတ်ထဲမှာတစ်မျိုးဖြစ်သွားလို့သူ့ဘာသာသူစီစဉ်လိုက်တယ်။အဲ့အတွက်သူ့မှာအမှားဖြစ်တယ် သူ အင်တာဗျူးတစ်ခုမှာဖြေထားတာလည်းရှိတယ်လို့ပြောတယ် အဲ့ဟာလည်းသူမှားတယ်”

“အဲ့တာကတော့ အင်တာဗျူးကြည့်ပြီးတဲ့သူတွေကတော့သိမှာပဲ ကျွန်မကတော့မသိဘူး ဒါပေမဲ့ ကျွန်မကို သမီးကြီးကပြောလို့ ကျွန်မသိတာ သူအဲ့မှာလည်းမှားတယ် ကျွန်မကမှားရင် ကျွန်မရဲ့စိတ်ကကိုယ်မှားရင်မှားတာကိုဝန်ခံတတ်တဲ့စိတ်ကျွန်မမှာ ရှိတယ် ကျွန်မသားသမီးတွေကိုလည်းအဲ့အတိုင်းပဲသင်ထားတယ် မှားရင်မှားတယ်ဆိုတာကိုလက်ခံပေးရမယ်ဝန်ခံပေးရမယ် အဲ့တာမှကိုယ့်စိတ်လုံမယ် လို့ကျွန်မပြောထားတယ် အဲ့တော့ အခုလည်းသဲကသူ့အလုပ်နဲ့သူ ရှုပ်နေတဲ့အတွက်မို့လို့ ဒီကိစ္စကို Bella ကညီမလေးကို မတောင်းပန်သေးတာဖြစ်ပါလိမ့်မယ်။သူတောင်းပန်ပါလိမ့်မယ်။ ဒါပေမဲ့နားလည်မှုလေးတွေလွဲနေတယ်လို့ ကျွန်မထင်တယ် သူတို့ ၂ ယောက်ကြားထဲမှာ တိုက်ရိုက်ပြောရတာမဟုတ်ဖူးကြားခံရှိနေတယ် အဲ့ကြားခံတွေထဲမှာကြားနေရတဲ့စကားတွေကြောင့်လွဲသွားတာလို့ထင်တယ် စပွန်ဆာ ဆိုတာက မင်းသမီးတိုင်းကိုပေးနေကြတာပါ အကုန်လုံးက ဒါရှက်စရာအလုပ်မဟုတ်ပါဘူးပိုက်ဆံရှိတဲ့လူတွေကနေဒီမင်းသမီးတွေ မင်းသားတွေကိုချစ်လို့ ဒါစပွန်ဆာအကုန်ခံပြီးပေးနေကြတာလေ မကောင်းတဲ့အကြောင်းထွက်မလာပဲနဲ့သူ့ကျမှ ဆိုးတာတွေချည်းဘာဖြစ်လို့ လူတွေကလှိမ့်ပြီးပြောနေကြလဲဆိုတာကျွန်မစဉ်းစားလို့မရဘူး နံပါတ် ၁ ဆရာဂျွန်လွင် သမီးရဲ့ဆရာထဲမှာသူပါပါတယ် ကျန်တဲ့ဆရာတွေလည်းရှိပါတယ်။”

“အနုပညာပျိုးခင်းကဆရာတွေ ယနေ့တိုင်ထိ အင်တာဗျူးကိုဖြေတိုင်းဖြေတိုင်းဆရာအားလုံးသည် ဘယ်တပည့်ဆိုးတယ် ဘယ်တပည့်ကောင်းတယ် တော်တယ်ဆိုတာကိုသူတို့အကုန်သိတယ် ကောင်းတဲ့တပည့်ကိုလည်း ကောင်းတဲ့အတိုင်းလေးဖြေသွားတယ်။ဆိုးတဲ့တပည့်ကိုလည်းဆိုးပါတယ်လို့သူတို့ဖြေမသွားဘူး အလိုက်သင့်လေးကောင်းအောင်သူတို့ ဖြေသွားပေးတယ်။ကျွန်မဖြစ်ချင်တာဆရာဆိုတာအဲ့တာပဲ ဆရာဂျွန်လွင်ကဘာဖြစ်လို့သမီးကို သဲသဲကိုဘာကိုမကျေနပ်နေတာလဲ ဒါမှမဟုတ်ကျွန်မကိုလား ပြောလိုက်တဲ့စကားတိုင်းစကားတိုင်းမှာ အင်တာဗျူးတိုင်းမှာ ရွှေမှုန်ရတီကို ပါးစပ်ဖျားကသူမချပဲနဲ့ အပေါ်ကိုဆွဲတင်တာလား အောက်ကိုပစ်ချနေတာလားဦးနှောက်ရှိတဲ့လူတွေအကုန် သိတယ်။ ဆရာပြောတဲ့စကားတွေမှားနေတယ် တပည့်တစ်ယောက်ကောင်းစားဖို့ ဆရာတိုင်းမှာအနစ်နာခံတဲ့စိတ်ရှိတယ်။”

“ဆရာကလည်းဆရာ့တပည့်ကို ကောင်းစားဖို့ဆိုရင် ဆရာကောင်းတာတွေချည်းပြောသင့်တယ်ထင်တယ်။ မင်းသမီးတိုင်းက ဆံပင်တုတပ်တာမဆန်းဘူး ဆီလီကွန်ထိုးတာမဆန်းဘူး မင်းသမီးမို့လို့လုပ်တာနော်။ အပြင်မှာလုပ်တဲ့သူတွေတစ်ပုံကြီးရှိတယ်။ဒါကိုဆရာသိသိကြီးနဲ့ ဒါတွေကိုဒီလိုသွားချပြတော့ ဆရာ့စကားက သူများရယ်စရာတွေဖြစ်တာပေါ့ သူကမင်းသမီးလေ ဆရာရဲ့ ဆရာမကျေနပ်တာတွေရှိခဲ့ရင် ဆရာ့ဆီမှာကျွန်မဖုန်းနံပါတ်ရှိတယ် ကျွန်မသမီးဖုန်းနံပါတ်ရှိတယ်။ကျွန်မတို့ကိုလူကိုယ်တိုင်ခေါ်တွေ့ပီးတော့ ဆုံးမလို့ရတယ်။တစ်စိတ်ရှိဆရာကလိုင်းပေါ်မှာ ကျွန်မသမီးမကောင်းကြောင်းတွေချည်းလှိမ့်လှိမ့်ပြောနေတာတော့ ဆရာမပီသဘူးလို့ကျွန်မထင်တယ်။ ဆရာကျွန်မတို့ရဲ့စိတ်ကိုသိလောက်ပါပြီ။ကျွန်မဘယ်သူ့ကိုမှမဟုတ်တာမပြောဘူး မမှန်တာလည်းမလုပ်ဖူး။ဆရာကျွန်မတို့ကိုထိခိုက်တဲ့စကားတွေ ပြောတာတွေအရမ်းများနေပြီ။ဆရာ့ပါးစပ်ထဲက ရွှေမှုန်ရတီဆိုတာကိုဖြုတ်ချလိုက်ပါ။” လို့ အလင်းတန်းဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

We Love Cele