အာဂ်င္တီးနားႏုိင္ငံ၊ Santa Fe စီရင္စုက ေဆး႐ုံမွာ ၀ိဉာဥ္လုိ႔ယူဆရတဲ့ နာနာဘာ၀တစ္ေကာင္က  ေဆး႐ုံျပင္ ပ ေလွ်ာက္လမ္းမွာထားရွိတဲ့ လူနာတင္တြန္းလွည္းကုိ ေရွ႕တုိးေနာက္ဆုတ္တြန္းေနတာကုိ ေဆး႐ုံ CCTV ကမွတ္တမ္း တင္ထားႏုိင္ခဲ့ပါတယ္။ ဒီဗြီဒီယုိဖုိင္ဟာ အင္တာနက္ကြန္ယက္ေပၚမွာ ေရပန္းစားေနပါတယ္။

 

ဒါေပမယ့္ တစ္ခ်ိဳ႕ကေတာ့ ဒါဟာ အေသးစိတ္ျပင္ဆင္ထားတဲ့ ေနာက္ေျပာင္မႈလုိ႔သာ ဆုိထားၾကပါတယ္။ ဗြီဒီယုိ ဖုိင္ထဲမွာေတာ့ လူနာတင္တြန္းလွည္းဟာ ေရွ႕တုိးေနာက္ဆုတ္ ျဖစ္ေနပါတယ္။ စကၠန္ 20 ေလာက္ ၀န္းက်င္ၾကာ တဲ့အထိ တြန္းလွည္းကို ၀ိဉာဥ္က တစ္ေနရာရာကို တြန္းယူသြားဖုိ႔ ႀကိဳးစားေနသလုိ ထင္ရပါတယ္။

ဒါေပမယ့္ မၾကာမီမွာပဲ တြန္းလွည္းဟာ စႀကၤန္ေဘးကေန ထုိးက်သြားၿပီး တုံးလုံးလဲသြားပါတယ္။ ဒီအျဖစ္အပ်က္ ျဖစ္ခဲ့ တဲ့ ေဆး႐ုံကေတာ့ Santa Fe စီရင္စုက Rosario ၿမိဳ႕ရွိေဆး႐ုံလုိ႔သိရပါတယ္။ ေလတုိက္လုိ႔ ျဖစ္တယ္လုိ႔ ဆုိရေအာင္
ကလည္း အနီးနားမွာရွိတဲ့ သစ္ပင္ေတြဟာ ၿငိမ္သတ္ေနပါတယ္။

 

တစ္ေယာက္ေယာက္က မျမင္ႏုိင္တဲ့ႀကိဳးနဲ႔ခ်ည္ၿပီး စြဲရေအာင္ကလည္း တြန္းလွည္းရဲ႕ဦးတည္ခ်က္ဟာ တူညီမႈမရွိပါဘူး။ ဒါေၾကာင့္ လူတစ္ေယာက္ေယာက္က လုပ္တယ္ဆုိတာထက္ ၀ိဉာဥ္ရဲ႕ပေယာဂေၾကာင့္ ယူဆသူေတြက ပုိမ်ားေန
ေၾကာင္း သိရပါတယ္။

နတ္စည္ေတာ္ (Shwemom)

source : mirror.co.uk

..

Unicode

အာဂျင်တီးနားနိုင်ငံ၊ Santa Fe စီရင်စုက ဆေးရုံမှာ ၀ိဉာဉ်လို့ယူဆရတဲ့ နာနာဘာဝတစ်ကောင်က  ဆေးရုံပြင် ပ လျှောက်လမ်းမှာထားရှိတဲ့ လူနာတင်တွန်းလှည်းကို ရှေ့တိုးနောက်ဆုတ်တွန်းနေတာကို ဆေးရုံ CCTV ကမှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ အင်တာနက်ကွန်ယက်ပေါ်မှာ ရေပန်းစားနေပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ ဒါဟာ အသေးစိတ်ပြင်ဆင်ထားတဲ့ နောက်ပြောင်မှုလို့သာ ဆိုထားကြပါတယ်။ ဗွီဒီယို ဖိုင်ထဲမှာတော့ လူနာတင်တွန်းလှည်းဟာ ရှေ့တိုးနောက်ဆုတ် ဖြစ်နေပါတယ်။ စက္ကန် 20 လောက် ၀န်းကျင်ကြာ တဲ့အထိ တွန်းလှည်းကို ၀ိဉာဉ်က တစ်နေရာရာကို တွန်းယူသွားဖို့ ကြိုးစားနေသလို ထင်ရပါတယ်။

ဒါပေမယ့် မကြာမီမှာပဲ တွန်းလှည်းဟာ စင်္ကြန်ဘေးကနေ ထိုးကျသွားပြီး တုံးလုံးလဲသွားပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ခဲ့ တဲ့ ဆေးရုံကတော့ Santa Fe စီရင်စုက Rosario မြို့ရှိဆေးရုံလို့သိရပါတယ်။ လေတိုက်လို့ ဖြစ်တယ်လို့ ဆိုရအောင်
ကလည်း အနီးနားမှာရှိတဲ့ သစ်ပင်တွေဟာ ငြိမ်သတ်နေပါတယ်။

တစ်ယောက်ယောက်က မမြင်နိုင်တဲ့ကြိုးနဲ့ချည်ပြီး စွဲရအောင်ကလည်း တွန်းလှည်းရဲ့ဦးတည်ချက်ဟာ တူညီမှုမရှိပါဘူး။ ဒါကြောင့် လူတစ်ယောက်ယောက်က လုပ်တယ်ဆိုတာထက် ၀ိဉာဉ်ရဲ့ပယောဂကြောင့် ယူဆသူတွေက ပိုများနေ
ကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

Originally posted 2018-10-26 14:50:42.