Zawgyi

ေနျပည္ေတာ္ႏွင့္ မႏၲေလး ငလ်င္ႀကီး က်ေရာက္ႏိုင္

ယခုလပိုင္းအတြင္း အင္အား အသင့္အတင့္ရွိ ငလ်င္ငယ္မ်ား မၾကာခဏ လႈပ္ခတ္ေနၿပီး ငလ်င္ အႀကိမ္အေရအတြက္ စိပ္လာျခင္းေၾကာင့္ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာေပၚရွိ

ၿမဳိ႕မ်ားျဖစ္ေသာ ေတာင္ငူ၊ ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမဳိ႕ ေတာင္ဘက္ျခမ္း ေဒသမ်ားမွာ ငလ်င္ႀကီး လႈပ္ခတ္ႏိုင္သည့္ အႏၲရာယ္ကို သတိျပဳရမည္ ျဖစ္ေၾကာင္း

ျမန္မာႏိုင္ငံ ေျမငလ်င္ေကာ္မတီ ဒုတိယဥကၠ႒ ဦးစိုးသူရထြန္းက ေျပာၾကားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ အတြင္းႏွင့္ ယခုလဆန္းပိုင္းအတြင္း အင္အားအသင့္အတင့္ရွိ ေျမငလ်င္မ်ား ဆက္တိုက္ လႈပ္ရွားလ်က္ ရွိျခင္းေၾကာင့္

ကီလိုမီတာ ၁၀၀၀ ေက်ာ္ ရွိသည့္ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာသည္ ျပန္လည္သက္ဝင္ လႈပ္ရွားၿပီး အင္အားႀကီး ငလ်င္ႀကီးမ်ား လႈပ္ခတ္ႏိုင္ေျခ ရွိသည့္အတြက္

ယင္းျပတ္ေ႐ြ႕အေပၚ တည္ရွိေနသည့္ ၿမိဳ႕ႀကီးမ်ားမွာ ငလ်င္အႏၲရာယ္ကို သတိျပဳရန္လိုေၾကာင္း ၎က ေျပာဆိုသည္။

ျမန္မာႏိုင္ငံတြင္ အဓိက ငလ်င္ေၾကာႀကီးမ်ား ျဖစ္ေသာ ရခိုင္ငလ်င္ေၾကာ၊ စစ္ကိုင္းငလ်င္ေၾကာ၊ ေက်ာက္ၾကမ္းငလ်င္ေၾကာ၊ သံလြင္ငလ်င္ေၾကာႏွင့္ ဟူးေကာင္းငလ်င္ေၾကာ

ဟူ၍ ငလ်င္ေၾကာ (၅) ခု ရွိၿပီး သဘာဝေဘးအႏၲရာယ္ အေနႏွင့္ အပ်က္အစီး ဆုံး႐ႈံးမႈ မ်ားျပားသည့္ ေနရာမွာ စစ္ကိုင္းငလ်င္ေၾကာပင္ ျဖစ္ေၾကာင္း ဘူမိေဗဒ ပညာရွင္မ်ားက ေျပာၾကားသည္။

ငလ်င္ငယ္ေလးမ်ား အႀကိမ္ေရ ဆက္တိုက္လႈပ္ခတ္မႈသည္ ေနာင္တစ္ခ်ိန္ အင္အားႀကီး ငလ်င္ႀကီး ျဖစ္ေပၚမည့္ အေျခအေနကို အင္အားစုစည္းမႈ

ေလ်ာ့နည္းသြားေစႏိုင္သည့္ အခ်က္လည္း ျဖစ္ေၾကာင္း၊ သို႔ေသာ္ သတိျပဳရမည့္ အခ်က္မွာ ငလ်င္ႀကီး မလႈပ္ခတ္မီ အခ်ိန္တြင္ ငလ်င္ငယ္ေလးမ်ားလည္း

ဆက္တိုက္လႈပ္ခတ္ႏိုင္ေျခ ရွိသည္ကို သိရွိထားရမည္ ျဖစ္ေၾကာင္း မိုးေလဝသပညာရွင္ ဦးထြန္းလြင္က သုံးသပ္ေျပာဆိုသည္။

ႏိုဝင္ဘာလ ၉ ရက္ေန႔ကလည္း ေနျပည္ေတာ္ အေရွ႕ေတာင္ဘက္ မိုင္ ၆၀ ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္ခ်တာ စေကး (၄.၀) အဆင့္ရွိ ေျမငလ်င္တစ္ခု

လႈပ္ခတ္ခဲ့ၿပီး ေအာက္တိုဘာလ ၇ ရက္ေန႔မွ ႏိုဝင္ဘာလ ၈ ရက္ေန႔အထိ အင္အားအသင့္အတင့္ရွိ ေျမငလ်င္မ်ား ငါးႀကိမ္ခန္႔ လႈပ္ခတ္ခဲ့ေၾကာင္း

မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာန ေျမငလ်င္ဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

The Voice Weekly

==========

Unicode

နေပြည်တော်နှင့် မန္တလေး ငလျင်ကြီး ကျရောက်နိုင်

ယခုလပိုင်းအတွင်း အင်အား အသင့်အတင့်ရှိ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေပြီး ငလျင် အကြိမ်အရေအတွက် စိပ်လာခြင်းကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မြို့များဖြစ်သော

တောင်ငူ၊ နေပြည်တော်နှင့် မန္တလေးမြို့ တောင်ဘက်ခြမ်း ဒေသများမှာ ငလျင်ကြီး လှုပ်ခတ်နိုင်သည့် အန္တရာယ်ကို သတိပြုရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ

ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းနှင့် ယခုလဆန်းပိုင်းအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက် လှုပ်ရှားလျက် ရှိခြင်းကြောင့် ကီလိုမီတာ ၁၀၀၀ ကျော်

ရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် ပြန်လည်သက်ဝင် လှုပ်ရှားပြီး အင်အားကြီး ငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေ ရှိသည့်အတွက် ယင်းပြတ်ရွေ့အပေါ် တည်ရှိနေသည့် မြို့ကြီးများမှာ

ငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အဓိက ငလျင်ကြောကြီးများ ဖြစ်သော ရခိုင်ငလျင်ကြော၊ စစ်ကိုင်းငလျင်ကြော၊ ကျောက်ကြမ်းငလျင်ကြော၊ သံလွင်ငလျင်ကြောနှင့် ဟူးကောင်းငလျင်ကြော

ဟူ၍ ငလျင်ကြော (၅) ခု ရှိပြီး သဘာဝဘေးအန္တရာယ် အနေနှင့် အပျက်အစီး ဆုံးရှုံးမှု များပြားသည့် နေရာမှာ စစ်ကိုင်းငလျင်ကြောပင် ဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောကြားသည်။

ငလျင်ငယ်လေးများ အကြိမ်ရေ ဆက်တိုက်လှုပ်ခတ်မှုသည် နောင်တစ်ချိန် အင်အားကြီး ငလျင်ကြီး ဖြစ်ပေါ်မည့် အခြေအနေကို အင်အားစုစည်းမှု လျော့နည်းသွားစေနိုင်သည့်

အချက်လည်း ဖြစ်ကြောင်း၊ သို့သော် သတိပြုရမည့် အချက်မှာ ငလျင်ကြီး မလှုပ်ခတ်မီ အချိန်တွင် ငလျင်ငယ်လေးများလည်း ဆက်တိုက်လှုပ်ခတ်နိုင်ခြေ ရှိသည်ကို

သိရှိထားရမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း နေပြည်တော် အရှေ့တောင်ဘက် မိုင် ၆၀ ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချတာ စကေး (၄.၀) အဆင့်ရှိ မြေငလျင်တစ်ခု

လှုပ်ခတ်ခဲ့ပြီး အောက်တိုဘာလ ရ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ အင်အားအသင့်အတင့်ရှိ မြေငလျင်များ ငါးကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ

ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

Originally posted 2018-10-26 15:33:31.