Zawgyi

အသက္ ၃၇ ႏွစ္အရြယ္ကို ေရာက္ရွိလာေပမယ့္ ႏုပ်ဳိေခ်ာေမာ ေနဆဲျဖစ္တဲ့ ေနတိုးကို သူ႔ရဲ႕ပရိသတ္ ေတြက ကိုၾကာႏုလို႔ ခ်စ္စႏိုးေခၚေဝၚ ၾကပါတယ္။ ပရိသတ္ေတြေပးထားတဲ့ နာမည္ေလးက ခ်စ္စရာေကာင္းတဲ့ အတြက္ သူလည္း သေဘာက်ပါတယ္ လို႔ ဆိုပါတယ္။

 

ပင္ကိုကလည္း အသားျဖဴသူ တစ္ဦးျဖစ္ၿပီး ေသြးထဲမွာ နီကိုတင္း ဓာတ္ေတြမရွိတာ ၈ လ ေက်ာ္လာ ၿပီျဖစ္တဲ့ အတြက္ လည္း အသား အေရက အခုလို ပိုၿပီးလန္း ဆန္းေနတာျဖစ္ေၾကာင္း ေနတိုး ကေျပာပါတယ္။ ပရိသတ္ ေတြ ေျပာေနၾကတဲ့ ကိုၾကာႏု ျဖစ္ေန ရတဲ့အေၾကာင္းရင္းနဲ႔ ပတ္သက္ ၿပီး ေနတိုး က…

 

”အသားအေရကို ပ်က္စီးေစမယ့္ က်န္းမာေရးကို ထိခိုက္ေစမယ့္ အေၾကာင္းအရာေတြ အျပဳအမူေတြ၊ အသံုးအေဆာင္ေတြကို ေရွာင္ျဖစ္ တယ္။ အဓိကကေတာ့ အရင္တုန္းက ဇာတ္ကား႐ုိက္တယ္ ဆိုရင္ ရာသီဥတု ပူတယ္ဆိုရင္ မ်က္ႏွာကို ဘာမွ Skincare မလုပ္ဘူး။ ဒီအတိုင္းပဲ႐ုိက္လိုက္တယ္။ အခု ေနာက္ပိုင္းက်ေတာ့ UV ေတြ ခံၿပီးေတာ့ အသံုးျပဳလာၾကတယ္။

 

Skincare ေတြလည္း ေန႔၊ ည ပံုမွန္သံုးျဖစ္လာတယ္။ အသက္အရြယ္အရေရာ၊ ကိုယ္႐ုိက္ မယ့္ ဇာတ္ကား ေတြအရေရာ၊ က်န္းမာေရးအရေရာ ငယ္ငယ္တုန္းက လုပ္ခဲ့တဲ့ ေဆးလိပ္ ေသာက္ ျခင္းေတြေရာ၊ မေကာင္းတဲ့တခ်ဳိ႕ေသာ အရာေတြကိုေရာ ျဖတ္ေတာက္ လိုက္တယ္။ ျဖတ္ေတာက္လိုက္ျခင္းအေၾကာင္းကေတာ့တျခားေသာ မျမင္ႏိုင္တဲ့ တြန္းအားေတြ လည္း ရွိတယ္။

 

က်န္းမာ ေရး၊ အသက္အရြယ္ပိုင္း၊ ေနာက္ၿပီး က်ေတာ့ ကိုယ္လုပ္တဲ့ အလုပ္က လည္း ဒီလိုမ်ဳိး အႏုပညာအလုပ္ျဖစ္ တဲ့အတြက္ အေမာခံ ႏိုင္ဖို႔လိုတယ္။ အသားအေရ မပ်က္စီးဖို႔လိုတယ္။ ဒီလိုမ်ဳိး အသားအေရပ်က္စီးေစႏိုင္ မယ့္၊ ႐ုပ္ကို ရင့္ေစမယ့္ အေၾကာင္း အရာေတြကို ေရွာင္လိုက္တယ္။ အားကစားလည္း လုပ္ျဖစ္ တယ္။ အသီးအရြက္လည္း မ်ားမ်ား စား ျဖစ္တယ္”လို႔ ေနတိုးက ေျပာပါ တယ္။

 

သ႐ုပ္ေဆာင္ရံုတင္မက Director of Photography (DOP) ပိုင္းကိုလည္း ဝါသနာ ပါတဲ့ ေနတိုးက ၿပီးခဲ့တဲ့ ႏွစ္မွာ ေတာ့ ေၾကာက္ေၾကာက္ေၾကာက္ ႐ုပ္ရွင္ ဇာတ္ကားမွာ DOP အေနနဲ႔ ပထမ ဆံုးေဆာင္ရြက္ၿပီးေနာက္ပိုင္း ထပ္မ လုပ္ျဖစ္ေတာ့ပါဘူး။ ၂ဝ၁၉ ခုႏွစ္ ထဲမွာေတာ့ DOP အေနနဲ႔ ထပ္လုပ္ သြားဦးမယ္လို႔ဆိုတဲ့ ေနတိုးက…

 

”ထပ္လုပ္သြားဖို႔ရွိပါတယ္။ အဓိကကေတာ့ လုပ္ခ်င္တဲ့စိတ္ေပါ့။ ဇာတ္ကားတစ္ကားကို ကြၽန္ေတာ္တို႔ Crew ေတြ Team ေတြ ရွိတယ္။ story လမ္းေၾကာင္းေတြကို ကြၽန္ေတာ္တို႔ေျပာတယ္။ ႐ိုက္ကူးခ်င္တဲ့ production ဒီဇိုင္းေတြနဲ႔ ဇာတ္လမ္းပံုစံေတြ ေျပာျဖစ္တဲ့ အခ်ိန္မ်ိဳးေတြမွာ၊ တစ္ခါတေလမွာ ကိုယ္ကိုယ္တိုင္ဖန္တီး ခ်င္တဲ့စိတ္ ေတြ၊ ကိုယ္ကိုယ္တိုင္ဒီအ႐ုပ္ေတြကို မ်က္လံုးထဲမွာ ျမင္လာတဲ့ အခ်ိန္မ်ိဳးေတြမွာ

 

ကိုယ္ကိုယ္တိုင္လုပ္ခ်င္တဲ့ စိတ္မ်ိဳးေတြလည္း ရွိတယ္။ အဲဒီလို ရွိလာခဲ့ရင္ လုပ္ျဖစ္ဖို႔မ်ားပါတယ္။ အဓိကေတာ့ ၂ဝ၁၉ ခုႏွစ္ထဲမွာ အခ်ိန္ယူၿပီး ဇာတ္ကားေတြကို အ ခ်ိန္ၾကာၾကာေလး ႐ိုက္ကူးဖို႔အတြက္ စီစဥ္ထားတဲ့ အခါက်ေတာ့ ကြၽန္ေတာ္တို႔လိုခ်င္တဲ့အ႐ုပ္၊အသံ ကြာလတီပိုင္းကိုလည္း ဦးစားေပးၿပီး အေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္ခြင့္ရမယ့္ ႏွစ္တစ္ႏွစ္လို႔ေျပာခ်င္ပါတယ္။

 

အဲဒီလိုႏွစ္မ်ဳိးမွာ Director of Photography ကိုတစ္ကားစႏွစ္ကားစဆိုသလို အခ်ိန္ရရင္ ရသလို လုပ္ေကာင္းလုပ္ႏိုင္မယ္လို႔ ထင္မွတ္မိတယ္။ လုပ္ျဖစ္ဖို႔အတြက္ ဇာတ္လမ္းလည္း ရွိလာႏိုင္မယ္ဆိုရင္ ကြၽန္ေတာ့္အတြက္ လုပ္ျဖစ္ဦးမွာပါ။

 

ကြၽန္ေတာ္ ဝါသနာပါတယ္။ ဒီလို DOP လုပ္ရတဲ့ခံစားခ်က္က ႐ုပ္ရွင္ သ႐ုပ္ေဆာင္လုပ္ရတဲ့ခံစားမႈနဲ႔ မတူတဲ့ ခံစားမႈတစ္ခုကိုလည္း ရတယ္။ ကိုယ္လည္း ဝါသနာပါၿပီး ကိုယ္ လည္း အစ အဆံုးသိေနတယ္။ ကိုယ္ ကြၽမ္းက်င္ေနတဲ့အလုပ္တစ္ခုလည္း ျဖစ္တဲ့အခါက် ေတာ့ ကိုယ့္အတြက္မ ခက္ခဲဘူးဆိုေပမယ့္ ႐ိုက္ကူးမႈမွာ ကိုယ္ဖန္တီးခ်င္တဲ့ပံုစံမ်ိဳး လုပ္ခြင့္ရ တယ္ဆိုရင္ေတာ့လုပ္သြားမွာပါ” လို႔ေျပာပါတယ္။

Credit – hlataw

Unicode

အသက် ၃၇ နှစ်အရွယ်ကို ရောက်ရှိလာပေမယ့် နုပျိုချောမော နေဆဲဖြစ်တဲ့ နေတိုးကို သူ့ရဲ့ပရိသတ် တွေက ကိုကြာနုလို့ ချစ်စနိုးခေါ်ဝေါ် ကြပါတယ်။ ပရိသတ်တွေပေးထားတဲ့ နာမည်လေးက ချစ်စရာကောင်းတဲ့ အတွက် သူလည်း သဘောကျပါတယ် လို့ ဆိုပါတယ်။

ပင်ကိုကလည်း အသားဖြူသူ တစ်ဦးဖြစ်ပြီး သွေးထဲမှာ နီကိုတင်း ဓာတ်တွေမရှိတာ ၈ လ ကျော်လာ ပြီဖြစ်တဲ့ အတွက် လည်း အသား အရေက အခုလို ပိုပြီးလန်း ဆန်းနေတာဖြစ်ကြောင်း နေတိုး ကပြောပါတယ်။ ပရိသတ် တွေ ပြောနေကြတဲ့ ကိုကြာနု ဖြစ်နေ ရတဲ့အကြောင်းရင်းနဲ့ ပတ်သက် ပြီး နေတိုး က…

”အသားအရေကို ပျက်စီးစေမယ့် ကျန်းမာရေးကို ထိခိုက်စေမယ့် အကြောင်းအရာတွေ အပြုအမူတွေ၊ အသုံးအဆောင်တွေကို ရှောင်ဖြစ် တယ်။ အဓိကကတော့ အရင်တုန်းက ဇာတ်ကားရိုက်တယ် ဆိုရင် ရာသီဥတု ပူတယ်ဆိုရင် မျက်နှာကို ဘာမှ Skincare မလုပ်ဘူး။ ဒီအတိုင်းပဲရိုက်လိုက်တယ်။ အခု နောက်ပိုင်းကျတော့ UV တွေ ခံပြီးတော့ အသုံးပြုလာကြတယ်။

Skincare တွေလည်း နေ့၊ ည ပုံမှန်သုံးဖြစ်လာတယ်။ အသက်အရွယ်အရရော၊ ကိုယ်ရိုက် မယ့် ဇာတ်ကား တွေအရရော၊ ကျန်းမာရေးအရရော ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ ဆေးလိပ် သောက် ခြင်းတွေရော၊ မကောင်းတဲ့တချို့သော အရာတွေကိုရော ဖြတ်တောက် လိုက်တယ်။ ဖြတ်တောက်လိုက်ခြင်းအကြောင်းကတော့တခြားသော မမြင်နိုင်တဲ့ တွန်းအားတွေ လည်း ရှိတယ်။

ကျန်းမာ ရေး၊ အသက်အရွယ်ပိုင်း၊ နောက်ပြီး ကျတော့ ကိုယ်လုပ်တဲ့ အလုပ်က လည်း ဒီလိုမျိုး အနုပညာအလုပ်ဖြစ် တဲ့အတွက် အမောခံ နိုင်ဖို့လိုတယ်။ အသားအရေ မပျက်စီးဖို့လိုတယ်။ ဒီလိုမျိုး အသားအရေပျက်စီးစေနိုင် မယ့်၊ ရုပ်ကို ရင့်စေမယ့် အကြောင်း အရာတွေကို ရှောင်လိုက်တယ်။ အားကစားလည်း လုပ်ဖြစ် တယ်။ အသီးအရွက်လည်း များများ စား ဖြစ်တယ်”လို့ နေတိုးက ပြောပါ တယ်။

သရုပ်ဆောင်ရုံတင်မက Director of Photography (DOP) ပိုင်းကိုလည်း ဝါသနာ ပါတဲ့ နေတိုးက ပြီးခဲ့တဲ့ နှစ်မှာ တော့ ကြောက်ကြောက်ကြောက် ရုပ်ရှင် ဇာတ်ကားမှာ DOP အနေနဲ့ ပထမ ဆုံးဆောင်ရွက်ပြီးနောက်ပိုင်း ထပ်မ လုပ်ဖြစ်တော့ပါဘူး။ ၂ဝ၁၉ ခုနှစ် ထဲမှာတော့ DOP အနေနဲ့ ထပ်လုပ် သွားဦးမယ်လို့ဆိုတဲ့ နေတိုးက…

”ထပ်လုပ်သွားဖို့ရှိပါတယ်။ အဓိကကတော့ လုပ်ချင်တဲ့စိတ်ပေါ့။ ဇာတ်ကားတစ်ကားကို ကျွန်တော်တို့ Crew တွေ Team တွေ ရှိတယ်။ story လမ်းကြောင်းတွေကို ကျွန်တော်တို့ပြောတယ်။ ရိုက်ကူးချင်တဲ့ production ဒီဇိုင်းတွေနဲ့ ဇာတ်လမ်းပုံစံတွေ ပြောဖြစ်တဲ့ အချိန်မျိုးတွေမှာ၊ တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင်ဖန်တီး ချင်တဲ့စိတ် တွေ၊ ကိုယ်ကိုယ်တိုင်ဒီအရုပ်တွေကို မျက်လုံးထဲမှာ မြင်လာတဲ့ အချိန်မျိုးတွေမှာ

ကိုယ်ကိုယ်တိုင်လုပ်ချင်တဲ့ စိတ်မျိုးတွေလည်း ရှိတယ်။ အဲဒီလို ရှိလာခဲ့ရင် လုပ်ဖြစ်ဖို့များပါတယ်။ အဓိကတော့ ၂ဝ၁၉ ခုနှစ်ထဲမှာ အချိန်ယူပြီး ဇာတ်ကားတွေကို အ ချိန်ကြာကြာလေး ရိုက်ကူးဖို့အတွက် စီစဉ်ထားတဲ့ အခါကျတော့ ကျွန်တော်တို့လိုချင်တဲ့အရုပ်၊အသံ ကွာလတီပိုင်းကိုလည်း ဦးစားပေးပြီး အကောင်းဆုံးဖြစ်အောင် တည်ဆောက်ခွင့်ရမယ့် နှစ်တစ်နှစ်လို့ပြောချင်ပါတယ်။

အဲဒီလိုနှစ်မျိုးမှာ Director of Photography ကိုတစ်ကားစနှစ်ကားစဆိုသလို အချိန်ရရင် ရသလို လုပ်ကောင်းလုပ်နိုင်မယ်လို့ ထင်မှတ်မိတယ်။ လုပ်ဖြစ်ဖို့အတွက် ဇာတ်လမ်းလည်း ရှိလာနိုင်မယ်ဆိုရင် ကျွန်တော့်အတွက် လုပ်ဖြစ်ဦးမှာပါ။

ကျွန်တော် ဝါသနာပါတယ်။ ဒီလို DOP လုပ်ရတဲ့ခံစားချက်က ရုပ်ရှင် သရုပ်ဆောင်လုပ်ရတဲ့ခံစားမှုနဲ့ မတူတဲ့ ခံစားမှုတစ်ခုကိုလည်း ရတယ်။ ကိုယ်လည်း ဝါသနာပါပြီး ကိုယ် လည်း အစ အဆုံးသိနေတယ်။ ကိုယ် ကျွမ်းကျင်နေတဲ့အလုပ်တစ်ခုလည်း ဖြစ်တဲ့အခါကျ တော့ ကိုယ့်အတွက်မ ခက်ခဲဘူးဆိုပေမယ့် ရိုက်ကူးမှုမှာ ကိုယ်ဖန်တီးချင်တဲ့ပုံစံမျိုး လုပ်ခွင့်ရ တယ်ဆိုရင်တော့လုပ်သွားမှာပါ” လို့ပြောပါတယ်။

Originally posted 2018-10-27 03:41:52.