Zawgyi
သဲလွန်စ အချို့ 
သုံးသပ်ချက်
Credit _Khit Thit
==========================
အောင်လ One Championship မှာ ထိုးကြေး ပိုက်ဆံဘယ်လောက် ရလဲ ? 3
ဆိတ်ဆိတ် နေ ထောင်တန်
one championship က ဖိုက်တာတွေ ကို ထိုးကြေး ဘယ်လောက် ပေးလဲ ဆိုတာ ဘယ်တော့မှ မပြောပါဘူး ။ လျို ့ဝှက်ထား ပါတယ် ။ သွားလည်း မမေးပါနဲ ့ ။ လေကုန် ပါတယ် ။ ဘယ်တော့မှ လည်း မဖြေပါဘူး ။ ဒါကြောင့် အောင်လ ဘယ်လောက် ရလဲ အတိကျ မသိပါဘူး ။
သဲလွန်စ အချို ့
အောင်လ One Championship မှာ ထိုးကြေး ပိုက်ဆံဘယ်လောက် ရလဲ ?
One Championship ကနေ နားသွားတဲ့ ပုံရိပ်မြင့် ဖိုက်တာ Ben Askren ကတော့ one က သူ ့ကို တစ်ပွဲထိုးကြေး ဒေါ်လာ ငါးသောင်း ( မြန်မာငွေ သိန်း ၆ ရာကျော် ) ၊ နိုင်ရင် ဒေါ်လာ ငါးသောင်း ( မြန်မာငွေ သိန်း ၆ ရာကျော် ) ပေးတယ်လို ့ ဖွင့်ဟခဲ့ ဖူးပါတယ် ။ ဒါဆို သူက တစ်ပွဲကို စုစုပေါင်း သိန်း ၁၃၀၀ လောက် ရတာပေါ့ ။ Ben Askren နဲ ့one ဥက္ကဌ ချက်ထရီ တို ့က အရင် ကတည်းက ခင်ကြလို ့လားတော့ မသိဘူး ။ပြိုင်ကား ၂ စီးတောင် Ben Askren ကို One Championship က ပလိန်းကြီး လက်ဆောင် ပေးခဲ့ ပါတယ် ။
နောက်ထပ် ကြားရတဲ့ တစ်ယောက်က One ရဲ ့နာမည်ကြီး အမျိုးသမီး ချန်ပီယံ ငယ်ငယ် ချောချောလေး အိန်ဂျလာလီ ပါ ။ သူလည်း Ben Askren နည်းတူ တစ်ပွဲ ထိုးကြေး ဒေါ်လာ ငါးသောင်း ( မြန်မာငွေ သိန်း ၆ ရာ ကျော်) ၊ နိုင်ရင် ဒေါ်လာ ငါးသောင်း ( မြန်မာငွေသိန်း ၆ ရာ ကျော် ) စုစုပေါင်း သိန်း ၁၃၀၀ လောက် ရတယ် လို ့ တစွန်းတစ ကြားသိရ ပါတယ်။
ထိုးကြေး ပေးသည့် စည်းကမ်း
ပရိသတ် စိတ်ဝင်စား အောင် ပွဲသွင်း နိုင်တဲ့ ဖိုက်တာ ဖြစ်လေ ပိုက်ဆံ ပိုရလေ ဖြစ်ပါတယ် ။ အခု အောင်လက One Championship ရဲ ့ နာမည် အကြီးဆုံး ၊ One Championship facebook page မှာ like ရ အများဆုံး ၊ ပရိသတ် အားပေး အကြမ်းဆုံး ၊ ပိုက်ဆံ အရှာပေး နိုင်ဆုံး ၊ စိတ်ဓာတ်လည်း အကောင်းဆုံး ဖိုက်တာ ဖြစ်နေ ပါတယ် ။
သုံးသပ်ချက်
အောင်လ One Championship မှာ ထိုးကြေး ပိုက်ဆံဘယ်လောက် ရလဲ ? 5
အောင်လရဲ ့ကမ္ဘာ့ထိပ်သီး ဖိုက်တာ ၊ ကမ္ဘာ့ထိပ်သီး နည်းပြ တွေနဲ ့လေ့ကျင့်တဲ့ စရိတ် မိသားစုကို အေးဆေး ထောက်ပံ့ထား နိုင်မှု oneနဲ ့လက်တွဲ ရတာ အရမ်း ပျော်တယ်လို ့ အင်တာဗျူးမှာ ပြောထားမှု one ရဲ ့ငွေရှာ စက်ကြီး နဲ ့ ပရိသတ်တွေ ကြား အကျော်ကြားဆုံး ဖိုက်တာ ဖြစ်နေမှု ပရိသတ် အားပေး အကြမ်းဆုံး ဖိုက်တာ ဖြစ်နေမှု စတာတွေ ကို ချုံငုံ သုံးသပ် လိုက်ရင် one championship ကနေ အောင်လ ရတဲ့ ငွေတွေ မနည်းဘူး ဗျ ။ ဒေါ်လာ သိန်း ဂဏန်း ရလောက်တယ် ။ ဒေါ်လာ တစ်သိန်းကတော့ အနည်းဆုံး ရလောက်တယ် ။ တစ်ပွဲကို ဒေါ်လာ တစ်သိန်းဆို မြန်မာငွေ အားဖြင့် သိန်း တစ်ထောင့် ၃ ရာ ပေါ့ ။ ဒီ့ထက်လည်း များနိုင်တယ် ။
မမေ့လျော့သင့် သော သင့်တာဝန်
အခု ဒီ post ရဲ ့အောက်က ** Share ** ဆိုသော အင်္ဂလိပ် စကားလုံး ကို တစ်ချက် ကလေး နှိပ်ပေးပါ ။ သိချင်သူတွေ များလွန်းလို ့ ခဏခဏ မေးလွန်းလို ့ ပါ။
Credit _Khit Thit
Originally posted 2018-10-27 03:54:48.